မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂း၅၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၃၅)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၂၁)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ကန့်ဘလူမြို့၏ အနောက်ဘက် မိုင် (၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၂၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၁၈) ဒီဂရီ၊ အနက် (၇၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။