မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၆း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၄)မိနစ်၊ (၁၉)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၆)မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။