မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၅း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅ )နာရီ၊ (၁၄)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် ကန့်ဘလူငလျင်စခန်းမှ အနောက်တောင်ဘက် (၄၄) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့မြောက် (၂၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၄) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၄.၈၄) ဒီဂရီ၊ အနက် (၇၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။