ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2022) ပြိုင်ပွဲ (အလွတ်တန်းအဆင့်)ကျင်းပ

ဆိုက်ဘာလုံခြုံရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များ အကြား ဆိုက်ဘာလုံခြုံရေး အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်း ကျောင်းမှု အခွင့်အလမ်းများကို တိုးတက်လာစေရန် ရည်ရွယ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge (2022) ပြိုင်ပွဲ (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ယနေ့(၁-၁၀-၂၀၂၂)ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အဦ၌ ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီသူများနှင့် ပြိုင်ပွဲအား စိတ်ပါဝင်စားသူများက တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါပြိုင်ပွဲကို အသင်း(၉)သင်းမှ ပြိုင်ပွဲဝင် ၂၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နံနက် ၁၀နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် ပထမဆုကို S1gmA Be@c0n မှလည်းကောင်း၊ ဒုတိယဆုကို Team r00T မှ လည်းကောင်း၊ တတိယဆုကို NYTe@M မှ လည်းကောင်းရရှိကာ ပထမဆုအဖြစ် (၁၅) သိန်းကျပ်နှင့် ထပ်ဆောင်းချီးမြင့်ဆုငွေ ၅ သိန်းကျပ်၊ ဒုတိယဆုအဖြစ်(၁၀)သိန်းကျပ်နှင့် တတိယဆုအဖြစ်(၇) သိန်းကျပ်အား ဆုချီးမြှင့် ခဲ့ကြောင်း သတင်းရရှိပါသည်။