ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် ဝန်ဆောင်မှုများပေးရာတွင် လိုအပ်သည့် DataCenter များ တည်ဆောက်ရန်နှင့် စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ရန်မလိုဘဲ ဤဌာနရှိ e-Government Data Center တွင် လာရောက်ထားရှိနိုင်ရန်အတွက် Government Cloud (Hosting) ဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။
Cloud (Hosting) လာရောက်ထားရှိသော Virtual Machine (VM) ၌ အချက်အလက်များ သိမ်းဆည်းသည့် Storage အတွက် Hard Disk Drive (HDD) များသာမက Solid State Drive (SSD) များပါ အသုံးပြုနိုင် မည်ဖြစ်ပြီး အစိုးရဌာနများအနေဖြင့် မိမိတို့၏စနစ်များအား ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ရန် Virtual Machine (VM) Firewall များနှင့် ကိုယ်ပိုင်သီးသန့်အသုံးပြုနိုင်သော Virtual Private Network (VPN) တို့ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
SSD Storage အသုံးပြုခြင်းဖြင့် HDD Storage များထက် Performance ကောင်းခြင်း၊ Input/ Output Operation per second (IOPs) မြင့်မားခြင်း၊ လျင်လျင်မြန်မြန် Manage ပြုလုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် Application၊ Database နှင့် အခြား Performance မြင့်မားစွာလိုအပ်သည့် Application များတွင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။
VM Firewall စနစ်ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall များကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ ၎င်းတို့၏ Server များအတွက် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်အတိုင်း Security Policy and Rule များအား မိမိတို့ စိတ်ကြိုက်စီမံခန့်ခွဲနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
VPN ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall, VM Firewall များ သီးခြားဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ VPN တည်ဆောက်ရန်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှုသက်သာခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ဖော်ပြပါ ဝန်ဆောင်မှုများအား ရယူအသုံးပြုလိုပါက အောက်ပါဝန်ဆောင်ခနှုန်းထားများအတိုင်း ဝန်ကြီးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) သို့ လိပ်မူ၍ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ အသုံးပြုလိုသည့် Storage ပမာဏအပေါ်မူတည်၍ 1GB လျှင် လစဉ်ကြေး (HDD - ၂၅ကျပ် နှင့် SSD - ၁၀၀ ကျပ်) နှုန်းထားအား ပေါင်းထည့်၍ ကောက်ခံသွားမည်ဖြစ်ပါသည်။
Government Cloud Service Request Form

