ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား လျှောက်လွှာခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာ့မီးရထား
လျှောက်လွှာခေါ်ယူခြင်း
၂၀၂၂ ခုနှစ်၊ ဧပြီလ            ရက်

၁။    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာ ဌာန၊ (စက်မှု/သွားလာဌာနခွဲ)တွင် လစ်လပ်လျှက်ရှိသော လစာနှုန်းကျပ်(၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) တန်း စက်ခေါင်းမောင်း(၅)ဆီလောင်း (၁၆၀)နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည်-
(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ)    (၁.၄.၂၀၂၂)နေ့တွင်အသက်(၃၀)နှစ် (ဝန်ထမ်းဖြစ်ပါက(၃၅နှစ်)ထက်မကျော်လွန်သူဖြစ်ရမည်။
(ဂ)    အခြေခံပညာအထက်တန်းအောင်မြင်သူဖြစ်ရမည်။
(ဃ)    ကျန်းမာရေးကောင်းမွန်ပြီး အမြင်အာရုံကောင်းမွန်သူဖြစ်ရမည်။ မျက်မှန်/မျက်ကပ်မှန် တပ်ဆင်ထားသူများမဖြစ်စေရ။အရောင်ခွဲခြားသိမြင်နိုင်သူများဖြစ်ရမည်။(Colour Blind မဖြစ်စေရ)
(င)    နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
 ၂။    သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ သတ်မှတ်လျှောက်လွှာပုံစံကို
မြန်မာ့မီးရထား Website ဖြစ်သော www.myanmarailways.gov.mm ၏ homepage တွင်download ရယူ၍လည်းကောင်း၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာဌာနခွဲ၊) နေပြည်တော်ဘူတာကြီး၊ ရန်ကုန်ဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)တိုင်းအမှတ်(၇) ရန်ကုန်ရုံး၊ မန္တလေးဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)တိုင်းအမှတ်(၃)မန္တလေးရုံးတို့တွင် လည်းကောင်း ရယူနိုင်ပါသည်။
၃။    လျှောက်ထားသူများသည် သတ်မှတ်လျှောက်လွှာနှင့်အတူ အောက်ဖော်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။

(က)    နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)
(ခ)    လွန်ခဲ့သော(၁)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ(၃)ပုံ
          (ကျောဘက်တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးအမှတ်ရေးရန်)
(ဂ)    အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ
(ဃ)    နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)မဟုတ်သူများအတွက် သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင် ကဒ်ပြား(မိတ္တူ)
(င)    ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်(မူရင်း)
၄။    လျှောက်လွှာများကို မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ ဒုတိယအထွေထွေ မန်နေဂျာ(စက်မှု/သွားလာ)ဌာနခွဲ၊ နေပြည်တော်ဘူတာကြီးထံလိပ်မူ၍ လူကိုယ်တိုင်(သို့မဟုတ်) စာတိုက်မှမှတ်ပုံတင်၍ (၆.၅.၂၀၂၂)နေ့အရောက် ပေးပို့လျှောက်ထားရမည်။ ရန်ကုန်ဘူတာကြီး အပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)တိုင်းအမှတ်(၇)ရန်ကုန်ရုံး၊ မန္တလေးဘူတာကြီး အပေါ် ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း) တိုင်းအမှတ်(၃)မန္တလေးရုံးတို့တွင်လည်း (၆.၅.၂၀၂၂)နေ့ အရောက် ကိုယ်တိုင်ပေးပို့လျှောက်ထားနိုင်သည်။ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဖြစ်လျှင် သက်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။ ကြိုတင်လျှောက်လွှာတစ်စောင်ကို ဓါတ်ပုံ(၃)ပုံနှင့်အတူ ပေးပို့လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက်ကျော်လွန် ပေးပို့ လာသောလျှောက်လွှာများနှင့် အချက်အလက်မပြည့်စုံသော လျှောက်လွှာများကို လက်ခံထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။
၅။    ရေးဖြေစာမေးပွဲကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်-
        နေ့ရက်         ဘာသာ                         အချိန်
    (က)    ၁၉ . ၅ .၂၀၂၂         မြန်မာစာ             နံနက်(၀၉:၀၀)မှ (၁၁:၀၀)နာရီအထိ
    (ခ)    ၁၉ . ၅ .၂၀၂၂         အင်္ဂလိပ်စာ             နံနက်(၁၂:၀၀)မှ (၁၄:၀၀)နာရီအထိ
    (ဂ)    ၁၉ . ၅ .၂၀၂၂         အထွေထွေဗဟုသုတ         နံနက်(၁၅:၀၀)မှ (၁၇:၀၀)နာရီအထိ
၆။    စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို (၁၇.၅.၂၀၂၂)နေ့မှ (၁၈.၅.၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ အခြေခံပညာအထက်တန်းအောင်လက်မှတ်  အလုပ်သမားမှတ်ပုံတင်ကဒ်(မူရင်း)တို့ကိုပြသ၍ ရန်ကုန်စာစစ်ဌာနအတွက်၊ ရန်ကုန်ဘူတာကြီးအပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)တိုင်းအမှတ်(၇)ရန်ကုန်ရုံး၊ မန္တလေးစာစစ်ဌာနအတွက် မန္တလေးဘူတာကြီး အပေါ်ထပ်ရှိ အင်ဂျင်နီယာမှူး(စက်မှု/တိုင်း)တိုင်းအမှတ်(၃)မန္တလေးရုံးနှင့် နေပြည်တော်စာစစ်ဌာနအတွက် စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ဌာနခွဲ၊ နေပြည်တော် ဘူတာကြီးတို့တွင် ထုတ်ယူနိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲကဒ်ပြားထုတ်ပေးချိန်တွင် စာမေးပွဲဖြေဆိုရမည့် နေရာကို ကြော်ငြာထားပါမည်။
၇။    ရေးဖြေအောင်မြင်ပါက လူတွေ့စစ်ဆေးမှုဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ဖြေဆိုခွင့်ရရှိသူများ စာရင်း၊ ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုရမည့်စာရင်း၊ လူတွေ့ဖြေဆိုရမည့်နေ့ရက်၊ နေရာအချိန်နှင့် ရွေးချယ်ခံရသူများစာရင်းတို့အား မြန်မာ့မီးရထား၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ဌာနခွဲ၊ နေပြည်တော်ဘူတာကြီးတွင်လည်းကောင်း၊ မြန်မာ့ မီးရထား Website တွင်လည်းကောင်း ကြော်ငြာပေးမည်ဖြစ်ပါသည်။
၈။    ရွေးချယ်ခံရပါက ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း၊ မိတ္ထီလာတွင် သင်တန်းကာလ (၁၂)ပတ် တက်ရောက်ရမည်။
၉။    မြန်မာ့မီးရထားတွင် အနည်းဆုံး(၁၀)နှစ်တစ်ဆက်တည်း တာဝန်ထမ်းဆောင်နိုင်ရမည်။
၁၀။    အသေးစိတ်သိရှိလိုပါက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်) ဒုတိယအထွေထွေမန်နေဂျာ(စက်မှု/သွားလာ)ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၆၇-၇၇၁၁၄၊ ၇၇၀၄၁ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။