မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်း(၂၀၀) ကျပ်တန် ရောင်းချပေးမည်‌ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်း

   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  မြန်မာ့စာတိုက်လုပ်ငန်း မှ (၅-၉-၂၀၂၂) ရက်နေ့၌ ရုရှားနိုင်ငံတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေးဖိုရမ်အတွက် မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၅) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တော်သလင်းလဆန်း (၁၁)ရက် (တနင်္လာနေ့) နံနက် (၉:၃၀) နာရီ အချိန်မှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
   အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ နှင့်ပထမနေ့စာအိတ်(First Day Cover)များပေါ်တွင်နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ပါသည်။
   တံဆိပ်ခေါင်းများအားတိုင်းဒေသကြီး/ပြည်နယ်များရှိစာတိုက်များတွင်ဝယ်ယူနိုင်ရန်ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။

ပထမနေ့စာအိတ်(FirstDayCover)ဝယ်ယူလိုသူများအနေဖြင့်-

ဦးညီညီလွင် ၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး) ၀၉-၄၅၀၀၀၀၂၂၆

ဦးခင်မောင်ဦး ၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၀၉-၅၃၀၀၀၀၁

ဒေါ်နွယ်နီအောင်၊တာဝန်ခံအရာရှိ(မန္တလေးစာတိုက်ကြီး)၀၉-၄၄၄၀၀၀၀၅၈ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။