အသိပေးကြေညာခြင်း

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်မှုအနေဖြင့် Road Safety အတွက် အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်သည့် ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ ကျန်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်တိုက်ဆိုင်စိစစ်ပြီးသက်တမ်းတိုးဆောင်ရွက်ပေးခြင်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်ထိ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လက်ရှိလူမှုကွန်ယက်စာမျက်နာတွင် ပျံ့နှံ့လျက်ရှိသည့် ၂၀၂၃ ခုနှစ် ဇွန်လအထိ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့်သက်တမ်းတိုးဆောင်ရွက်ပေးမည်ဆိုသည့် သတင်းမှာ မိမိတို့ဌာန၏ အသိပေးကြေညာချက်မဟုတ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

6.9.2022.pdf (865.17 KB)