ကမ္ဘာ့သိုင်းရွိုက်ရောဂါနေ့ အထိမ်းအမှတ် သိုင်းရွိုက်အကျိတ်ရောဂါအကြောင်း ဟောပြောပွဲကို MPT ၏ လိုတရဝက်ဘ်ပေါ်တယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်) – မြန်မာနိုင်ငံ၏ ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် “အတူလက်တွဲ အမြဲရှိမည် MPT”ဟူသည့် ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတ ပိုမိုရရှိစေရေးအတွက် အခမဲ့ကျန်းမာရေးပညာရေးရုပ်သံ အစီအစဉ်ကိုဆောင်ရွက်နေကာ ယခုလည်း ကမ္ဘာ့သိုင်းရွိုက်ရောဂါနေ့အထိမ်းအမှတ် အဖြစ် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး ဒေါက်တာအောင်ထက်ထွန်း ၏ “သိုင်းရွိုက်အကျိတ်ရောဂါအကြောင်း သိကောင်းစရာ” ကျန်းမာရေး ဗဟုသုတ ဟောပြောပွဲကို မေလ ၂၂ ရက်က အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် သိုင်းရွိုက်အကျိတ်အမျိုးအစား၊ ရောဂါရှာဖွေသည့်နည်းလမ်းတို့အပြင် သိုင်းရွိုက်အကျိတ် နှင့် ပတ်သက်ပြီး ကုသပုံနည်းလမ်းအဆင့်ဆင့်ကို နိုင်ငံတကာတွင်ကျင့်သုံးနေသည့် နည်းစနစ်များနှင့် မည်သို့ စမ်းသပ် စစ်ဆေးကုသဆောင်ရွက်သည်ကို  အသေးစိတ် ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ ထို့အပြင် သိုင်းရွိုက် အကျိတ်ရောဂါဖြစ်စဥ်များ နှင့် ပတ်သက်ပြီး အခမ်းအနားတက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း ဒေါက်တာအောင်ထက်ထွန်းက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲ ရုပ်သံဗွီဒီယိုအား အများပြည်သူသို့ MPT၏ လူမှုကွန်ရက်စာမျက်နှာနှင့် MPT4U မှတစ်ဆင့် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်သည့် လိုတရဝက်ဘ်ပေါ်တယ်တို့တွင် ဖော်ပြထားပြီးဖြစ်ပါသည်။ ဝင်ရောက် ကြည့်ရှုနိုင်သည့်လင့်ခ်များမှာ-

MPT၏ လူမှုကွန်ရက်စာမျက်နှာလင့်ခ်

အပိုင်း (၁)- https://www.facebook.com/mptofficialpage/videos/482285187554208

အပိုင်း (၂)- https://www.facebook.com/mptofficialpage/videos/482285187554208

ကျန်းမာရေးပညာပေးရုပ်သံများကိုကြည့်ရှုနိုင်သည့် လိုတရဝက်ဘ်ပေါ်တယ်လင့်ခ်

https://lotaya.mpt.com.mm/service/csr

ထို့အပြင် ကျန်းမာရေးဗဟုသုတ လိုလားသူများအနေဖြင့် မြန်မာနိုင်ငံတွင် အဖြစ်များသော ကျန်းမာရေး ပြဿနာများဖြစ်သည့် သွေးလွန်တုပ်ကွေး၊ ရင်သားကင်ဆာအကြောင်း သိကောင်းဖွယ်ရာများ၊ ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများ၊ ကွမ်းစားခြင်းနှင့် ကျန်းမာရေးနှင့် အသည်းရောင်အသားဝါ ရောဂါအကြောင်း သိကောင်းစရာများစသည့် ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို လိုတရဝက်ဘ်ပေါ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထပ်မံသတင်းကောင်း ပါးအပ်ပါသည်။

MPT အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ခိုင်မာစွာ ယုံကြည်ထားသည်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင် နာမည်ရှိထားသည့် အာယုအင်တာနေရှင်နယ် ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်း၍ ကျန်းမာရေးပညာရေး ဗွီဒီယိုများကို MPT ၏ တရားဝင် မီဒီယာများဖြစ်သည့် MPT4U၊ လိုတရဝက်ဘ်ပေါ်တယ် နှင့် ဆိုရှယ်မီဒီယာတို့အပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ​၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဖော်ပြပေးလျက်ရှိပါသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm ၌ ကြည့်ရှုနိုင်ပြီး MPT ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

အာယုအင်တာနယ်ဆေးရုံကြီး၌ မေလ ၂၂ ရက်နေ့က “သိုင်းရွိုက်အကျိတ်ရောဂါအကြောင်း သိကောင်းစရာ” ကျန်းမာရေး ဗဟုသုတ ဟောပြောပွဲ မှ အမှတ်တရပုံရိပ်များ