ကာတာနိုင်ငံ၊ သံရုံးယာယီတာဝန်ခံ Mr. Mansoor Mubarak S.B. AL- Khayarin အား လက်ခံတွေ့ဆုံ

    

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ၊ သံရုံးယာယီတာဝန်ခံ Mr. Mansoor Mubarak S.B. AL-Khayarin အား နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ဆက်သွယ်ရေးကဏ္ဍ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေ၊ နည်းပညာအဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံလေကြောင်းလိုင်း တိုးချဲ့ ပျံသန်းနိုင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေး ညှိနှိုင်း အမြင်ချင်းဖလှယ် ခဲ့ကြပါသည်။

 တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။