ကုန်းလမ်းပို့ဆောင်ရေးမှ ယာဉ်များဖြင့် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ ဂေါ်ရခါးသီးတို့အား သယ်ယူပို့ဆောင်ပေးခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများသို့ ဟင်းသီးဟင်းရွက်များ ဝေငှဖြန့်ဖြူးပေးမည်ဖြစ်ရာ (၁၉.၈.၂၀၂၁) ရက်နေ့၌ ကုန်းလမ်းပို့ ဆောင်ရေးမှ ယာဉ်များဖြင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့တို့သို့ ဂေါ်ဖီထုတ် (၃၀၈၀)ထုပ်၊ ပန်းဂေါ်ဖီ (၄၆၃၀)ပွင့်၊ အာလူး (၃၁၅၀)ပိဿာ၊ ဂေါ်ရခါးသီး (၂၇၃၃၀)လုံးတို့ကို သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။