ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁၁/၂၀၂၃)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉) ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၃) ကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ(စာရင်း)နှင့် ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။