ကုန်းလမ်းပို့ဆောင်ရေး၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးရုံးချုပ်အစည်းအဝေးခန်းမ ရုံးအမှတ်(၂၉) နေပြည်တော်၌ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ကုန်းလမ်းပို့ဆောင်ရေး၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်တက်ရောက်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ (စာရင်း)နှင့် ဌာန၊ ဌာနခွဲ၊ အလုပ်ရုံများမှ ဌာနမှူး၊ ဌာနခွဲမှူး၊ မော်တော်ယာဉ်မှူး၊ ကြီးကြပ်ရေးမှူးများနှင့် အလုပ်ရုံတာဝန်ခံတို့က လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။