ကုန်းလမ်းပို့ဆောင်ရေး၏ ၂၅.၁၀.၂၀၂၁ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၉/၂၀၂၁)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃၉/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ(စာရင်း)နှင့် ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြ ပါသည်။