ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်တွေမြို့သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ စေလွှတ်

နေပြည်တော်၊ မေ ၁၅

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" သည် မြန်မာ့ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား နေ့/ည အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် ပြေးလမ်းမီး အပါအဝင် လိုအပ်သည်များ တပ်ဆင်နိုင်ရေး၊ ဆက်သွယ်မှုများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေးနှင့် သယ်ယူပို့ဆောင်မှုများ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထားနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူ အရာထမ်း/ အမှုထမ်း စုစုပေါင်း(၃၆)ဦး ပါဝင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့သို့ စေလွှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန