ခေတ္တရပ်ဆိုင်းထားသည့်ဝန်ဆောင်မှုလုပ်ငန်းများပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးကြေညာခြင်း

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံး အသီးသီးတွင် Coronavirus Disease 2019 ( COVID-19 ) ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် (၁၆.၉.၂၀၂၀) ရက်နေ့မှ စတင်၍ ခေတ္တ ရပ်ဆိုင်းခဲ့သည့် “ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ( ၂၂- ၃- ၂၀၂၁ )ရက် ( တနင်္လာနေ့ ) မှ စတင်၍ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်။