(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | ပြောင်းလဲတပ်ဆင်မှုစတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
ရှမ်းပြည်နယ် (အရှေ့ပိုင်း) | မိုင်းယန်း အိတ်ချိန်း | ၁၃-၁၀-၂၀၂၂ | ၀၈၄-၂၀၆၅xxx | ၀၈၄-၄၇၆၅xxx |
ရခိုင်ပြည်နယ် | မြေပုံ အိတ်ချိန်း | ၂၁-၁၀-၂၀၂၂ | ၀၄၃-၂၀၃၀xxx | ၀၄၃-၄၇၃၀xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။