(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်ရှိ အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်နှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်ကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|
ရှမ်းပြည်နယ် (အရှေ့ပိုင်း) | မိုင်းယန်း အိတ်ချိန်း | ၀၈၄-၆၅xxx | ၀၈၄-၂၀၆၅xxx |
အောက်ပါဇယားတွင် ဖော်ပြထားသော ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ် မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
ရှမ်းပြည်နယ် (မြောက်ပိုင်း) | မိုးမိတ် အိတ်ချိန်း | ၂၇-၅-၂၀၂၂ | ၀၈၆-၂၂၄၅xxx | ၀၈၆-၄၇၄၅xxx |
ရခိုင်ပြည်နယ် | ရသေ့တောင် အိတ်ချိန်း | ၁၀-၆-၂၀၂၂ | ၀၄၃-၅၉xxx | ၀၄၃-၄၇၅၉xxx |
မင်းပြား အိတ်ချိန်း | ၁၄-၆-၂၀၂၂ | ၀၄၃-၇၅xxx | ၀၄၃-၄၇၇၅xxx | |
ရှမ်းပြည်နယ် (မြောက်ပိုင်း) | ဟိုပန် အိတ်ချိန်း | ၁၅-၆-၂၀၂၂ | ၀၈၂-၇၄xxx | ၀၈၂-၄၆၇၄xxx |
ရခိုင်ပြည်နယ် | အမ်း အိတ်ချိန်း | ၁၆-၆-၂၀၂၂ | ၀၄၃-၈၀xxx | ၀၄၃-၄၇၈၀xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။