ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ H.E Mr. Hiroshi NARAHIRA အား လက်ခံတွေ့ဆုံ

 

ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ H.E Mr. Hiroshi NARAHIRA အား လက်ခံတွေ့ဆုံ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism - MLIT) မှ ဒုတိယဝန်ကြီးဖြစ်သူ H.E Mr. Hiroshi NARAHIRA အား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးကဏ္ဍအသီးသီး၏ စီမံကိန်းများ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် များ နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။