စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ မေလ ရက်

အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆိပ်ကမ်း၌ ကျင်းပပြုလုပ်ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး H.E. Shri Sarbananda Sonowal ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အိန္ဒိယသမ္မတနိုင်ငံမှ ပြည်‌ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသော အဖွဲ့ဝင်များ ၊  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ရခိုင်ပြည်နယ်ရှိ ဌာန အသီးသီးမှ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ စစ်တွေ ကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး H.E. Shri Sarbananda Sonowal ဦးဆောင်သော အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်များအား ကြိုဆို နှုတ်ဆက်ပါသည်။  

ဆက်လက်ပြီး စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းရှိ အစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ အိန္ဒိယသံအမတ်ကြီးနှင့် ကိုယ်စားလှယ်များအား  စစ်တွေကုလားတန် ဆိပ်ခံတံတားအား စီမံခန့်ခွဲလျက်ရှိသော A to Z Exim Limitedမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြရာ  ဝန်ကြီးများက လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များသည် စစ်တွေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ကုလားတန်ဆိပ်ခံတံတား ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့် ခန်းမသို့ ရောက်ရှိပါသည်။ ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပ ပြုလုပ်ရာ ပထမဦးစွာ () နိုင်ငံ နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ H.E Mr. Vinay Kumar က ကြိုဆိုနှုတ်ဆက်စကား ပြောကြားပါသည်။ ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးထိန်လင်း၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး H.E Mr. Shri Sarbananda Sonowal တို့က အမှာစကား အသီးသီး ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး သမိုင်းကြောင်းအစဉ်အလာအရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ နီးစပ်မှု ရှိသည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍအသီးသီးတွင်လည်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖွင့်လှစ်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက်သာမက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွက်ပါ များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်း၊ ပြည်တွင်းရေကြောင်းလမ်းနှင့် မော်တော်ကားလမ်းကို ချိတ်ဆက်၍ ဘက်စုံသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ခြင်းကြောင့်  နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဒေသတွင်း ကုန်သွယ်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များအကြား လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုလည်း ပိုမိုကောင်းမွန်လာပြီး ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း များစွာတိုးတက်လာမည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ စစ်တွေဆိပ်ကမ်းမှတဆင့် အိန္ဒိယနိုင်ငံနှင့် သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်မည်ဖြစ်ရာ စီမံကိန်းအောင်မြင်စွာ ပြီးစီးရေးအတွက် ကြိုးစား အားထုတ်ပေးကြသည့် နှစ်နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့မှ စစ်တွေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ စစ်တွေ ကုလားတန် ဆိပ်ခံတံတား အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းကို  စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ နှစ်ဘက်အပြန်အလှန် အမှတ်တရပစ္စည်း လဲလှယ်ခဲ့ကြပြီး ခန်းမအတွင်း၌ စစ်တွေကုလားတန် ဆိပ်ခံတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ  အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ 

ထို့နောက် အိန္ဒိယနိုင်ငံမှ လာရောက်သော အပြည်ပြည်ဆိုင်ရာ ကုန်စည်တင်သင်္ဘော ITT Lion ဆိုက်ကပ်ထားသည့် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က စစ်တွေ ကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

၎င်းမှတစ်ဆင့် နေ့လယ်ပိုင်းတွင် စစ်တွေမြို့ရှိ Royal Sittwe Resort Hotel ၌ ကျင်းပပြုလုပ်သော အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Shri Sarbananda Sonowal ဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရ၏ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ စစ်တွေဆိပ်ကမ်း ဖွင့်လှစ်နိုင်မှုကြောင့် နိုင်ငံကုန်သွယ်မှု တိုးတက်လာမည့်အခြေအနေ၊ စစ်တွေဆိပ်ကမ်းမှတဆင့် ဒေသတွင်းနိုင်ငံများသို့ ကုန်သွယ်မှုများ တိုးမြင့် တင်ပို့နိုင်မည့်အခြေအနေ၊ ရခိုင်ပြည်အတွင်းရှိပြည်သူများ၏ စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိနိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အကြား သယ်ယူပို့ဆောင်မှု ချောမွေ့လာမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် --၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ() ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဘင်္ဂလားပင်လယ်အော်တွင်  မုန်တိုင်းဖြစ်ပေါ် ကျရောက်နိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မုန်တိုင်းခန့်မှန်းချက်နှင့် ဖြတ်သန်းမည့် လမ်းကြောင်းများကို ဦးစွာရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူ အသီးသီးမှ မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် အရေးပေါ် အခြေအနေတွင် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  ကဏ္ဍအလိုက် စီမံချက်များအတိုင်း ကြိုတင် ပြင်ဆင်သင့်သည်များကို ဂရုပြုဆောင်ရွက်ရန်၊ အရေးပေါ်အခြေအနေတွင် ဆက်သွယ်မှု မပြတ်တောက်စေရေး ကြိုတင်ပြင်ဆင်ရန်၊ အသုံးပြုမည့် ပစ္စည်းများ ကြိုတင်စုဆောင်းရန်၊ ဘဏ်များတွင် ထားရှိသည့် အရေးကြီး စာရွက်စာတမ်းများနှင့် ငွေကြေးများ၊  တန်ဖိုးကြီးပစ္စည်းများအား လုံခြုံသောနေရာတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ ယဉ်ကျေးမှု အမွေအနှစ်များ သဘာဝဘေးဒဏ်ကြောင့် ပျောက်ရှမှု မရှိစေရေး ပြင်ဆင်ဆောင်ရွက်ရန်၊ လုပ်ငန်းကော်မတီများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ စီမံချက်များ လက်တွေ့ ဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့်  ညီညွတ်စေရေး ဆောင်ရွက်သွားရန်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆတ်ရိုးကျချောင်း ရေလမ်းကောင်းမွန်ရေး သောင်တူးခြင်းလုပ်ငန်း အလျား (၁၂၆၂) မီတာအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆတ်ရိုးကျချောင်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ သောက်သုံးရေ  ရရှိရေးအတွက် စစ်တွေမြို့ စိုက်ပျိုးရေး မျိုးသန့်ခြံအတွင်းရှိ စက်ရေတွင်း ()တွင်း တူးဖော်ထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက စက်ရေတွင်း တူးဖော်ပြီးစီးမှု အခြေအနေနှင့် မြေအောက်ရေထွက်နှုန်း အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် စက်ရေတွင်း တူးဖော်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန