ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

 

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော အောက်ဖော်ပြပါ လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ်       ခန့်ထားမည့်ရာထူး       ပညာအရည်အချင်း                                          လစ်လပ်နေရာ

(က)     ဒုဦးစီးမှူး                     တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိသူ                  (၃)နေရာ

(ခ)       ဒုဦးစီးမှူး                     ဥပဒေဘွဲ့                                                       (၂)နေရာ

(ဂ)       စာရင်းကိုင်(၂)              စီးပွားရေးဘွဲ့တစ်ခုခုရရှိသူ                                (၅)နေရာ

(ဃ)     ဒုဦးစီးမှူး                     အင်ဂျင်နီယာဘွဲ့(အီလက်ထရောနစ်)                  (၁၃)နေရာ

                                            (သို့)အင်ဂျင်နီယာဘွဲ့(သုတနည်းပညာ)

                                            (သို့)သိပ္ပံဘွဲ့ရရှိပြီးAGTI(EC) အောင်လက်မှတ်

                                            ရရှိသူဖြစ်ရမည်။

၂။       လျှောက်ထားသူများသည် စာမေးပွဲကြေးကျပ် ၁၀၀၀(ကျပ်တစ်ထောင်တိတိ)ကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 011092 သို့လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၅)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထား သော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 012978 သို့လည်းကောင်း ပေးသွင်းနိုင် သည်။ သတ်မှတ်ထားသော လျှောက်လွှာပုံစံကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲများ၌ စာမေးပွဲကြေးပေးသွင်းထားသည့် ချလန်မူရင်းပြသ၍ (၁၅-၁၁-၂၀၂၁) ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်ပါသည်။

၃။      လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များအား ရေးဖြေ စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကို (၁၈-၁၂-၂၀၂၁)ရက်နေ့ (စနေနေ့)နှင့် (၁၉-၁၂-၂၀၂၁)ရက်နေ့ (တနင်္ဂနွေနေ့) တို့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား များအား (၁၆-၁၂-၂၀၂၁)ရက်နေ့မှ (၁၇-၁၂-၂၀၂၁)ရက်နေ့အထိ ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၂)နေပြည်တော်နှင့် ရန်ကုန် တိုင်းဒေသကြီးရုံးခွဲတို့တွင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။

၄။      ဝန်ထမ်းများသည် မိမိတို့၏လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ်(၂)နေပြည်တော်သို့လိပ်မူ၍ သက်ဆိုင်ရာဌာနမှတဆင့် (၁၃-၁၂-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ပေးပို့ရပါမည်။ (လျှောက်လွှာတစ်စောင်အား ကြိုတင်မိတ္တူ‌ပေးပို့ထားရမည်)

၅။      လျှောက်လွှာနှင့်စပ်လျဉ်း၍  လျှောက်လွှာလက်ခံရန်  သတ်မှတ်ထားသောရက်ထက် နောက်ကျ ရောက်ရှိခြင်းနှင့် စာရွက်စာတမ်းပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ်-၀၆၇၃၄၀၇၂၅၀၊ ၀၉ ၄၅၀၀၀၀၃၁၄၊ ၀၉ ၅၄၂၁၁၀၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်းအမျိုးမျိုးကြောင့် နေ့ရက်၊ အချိန်ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားပါမည်)

၆။      လျှောက်လွှာပုံစံနှင့် သတ်မှတ်ချက်များအား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။