ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပူးတွဲပါရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
၁။ လျှောက်ထားလိုသူများသည် -
(က) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ခ) ကွန်ပျူတာအခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။
(ဂ) အနည်းဆုံးလုပ်သက် (၅)နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်။
(ဃ) အလုပ်သမားမှတ်ပုံတင်ထားသူဖြစ်ရမည်။
၂။ အချက်အလက်များ ပြည့်စုံစွာဖော်ပြထားသော လျှောက်လွှာများအား အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲလျက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂)၊နေပြည်တော် သို့ (၂၂-၁၁-၂၀၂၁ ) ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်-
(က) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ
(ခ) ဘွဲ့လက်မှတ်မိတ္တူ ( သို့မဟုတ် ) အောင်မြင်ကြောင်းထောက်ခံချက်
(ဂ) သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ လျှောက်လွှာပိတ်ရက်မတိုင်မီ (၆) လအတွင်းရရှိသည့်
အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၂)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂)ပုံ
(င) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မူရင်း
(စ) အလုပ်သမားမှတ်ပုံတင်မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
(ဆ) ယာဉ်မောင်းလျှောက်ထားလိုသူများအတွက် ယာဉ်မောင်း(ခ)လိုင်စင်မိတ္တူ
၃။ လျှောက်ထားလိုသူများအနေဖြင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ၊ ပျဉ်းမနားမြို့ ၊ ပြည်ထောင်စုနယ်မြေ ( နေပြည်တော် )တွင် သွားရောက်စာရင်းပေးသွင်းရမည်။
၄။ လျှောက်လွှာပုံစံနှင့် သတ်မှတ်ချက်များအား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။