ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လစ်လပ်လျက်ရှိသော ပူးတွဲဖော်ပြပါရာထူးနေရာများအတွက်သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၂)၊  နေပြည်တော်နှင့် အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲသို့ (၂၄-၇-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။

လျှောက်ထားသူများသည် စာမေးပွဲကြေးကျပ် ၃၀၀ဝိ/-(ကျပ် သုံးထောင်တိတိ)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 011092 သို့ ပေးသွင်းရမည်။

လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျခြင်းနှင့် စာရွက်စာတမ်းများပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၀၇၂၅၀၀၉-၅၄၂၁၁၀၆ နှင့်  ၀၉-၄၂၀၇၂၂၁၃၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်းအမျိုးမျိုးကြောင့် နေ့ရက်၊ အချိန်ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်း ကြားသွားမည်ဖြစ်ပါသည်။)

 

သတ်မှတ်ထားသော လျှောက်လွှာပုံစံကို အောက်ဖော်ပြပါ link တွင် download  ရယူနိုင်ပါသည်။