ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (Webinar) ကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော “ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”  Webinar ကို ယနေ့ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ CIO/ACIO များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ Telecom Operator များနှင့် ISP များမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅၈)ဦး တက်ရောက်သည်။ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက “Cyber Security Policy & Legal Framework Development” ခေါင်းစဉ်ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက “The Role of Cyber Security in  Government Organization” ခေါင်းစဉ်ကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က “PlugX RAT,  CobaltStrike and Mustang Panda” ခေါင်းစဉ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်မဉ္ဇူက “Learn about Ransomware Attacks in Myanmar and How to Prevent them” ခေါင်းစဉ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးမြတ်သန္တာက “Approach to Hardening of Individual Host (Host Security)” ခေါင်းစဉ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးဇော်မျိုးဦးက “SIEM Platform Introduction” ခေါင်းစဉ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သင်းနန္ဒာအောင်က “Email Security Introduction” ခေါင်းစဉ်ကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။