တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း MPT Club နှင့်အတူ အထူးစျေးဝယ်နိုင်မည့် အတွေ့အကြုံကို ခံစားရယူလိုက်ပါ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်) – MPT က MPT Club သုံးစွဲသူများကို အထူးနှုန်းထားဖြင့် စျေးဝယ်ယူနိုင်မည့် “MPT Club ပွိုင့်များဖြင့် စျေးဝယ်လိုက်ပါ” ပရိုမိုးရှင်း အစီအစဉ်ဖြင့်  တန်ဆောင်တိုင်ပွဲတော်ကို ကြိုဆိုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ပရိုမိုးရှင်းကို ရယူရန် MPT Club ပွိုင့် (၃၃) ပွိုင့်ဖြင့် အထူးလျှော့စျေး ရယူခွင့်ကို လဲလှယ်ရန်လိုအပ်ပြီး ပရိုမိုးရှင်းကာလမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်မှ ဒီဇင်ဘာလ (၃) ရက်အထိဖြစ်ပါသည်။ ယခုအစီအစဉ်ကို MPT Club ပွိုင့် (၃၃) ပွိုင့် နှင့်အထက်ရှိသော သုံးစွဲသူများအနေဖြင့်  MPT Club ၏ မိတ်ဖက် စျေးဝယ်စင်တာများ၊ အွန်လိုင်းကုန်စုံ စူပါမားကတ်များ၊ မုန့်ဆိုင်များအပါအဝင် သစ်သီး နှင့် ဟင်းသီးဟင်းရွက် စတိုးဆိုင်များ စသည့် သတ်မှတ်ထားသောဆိုင်အသီးသီးတွင်  အထူးလျှော့စျေးများကို ရရှိနိုင်မည် ဖြစ်ပါသည်။

MPT Club ပွိုင့် ၃၃ ပွိုင့်နှင့် အထက်ရှိသော MPT သုံးစွဲသူများအားလုံးသည် ယခုပရိုမိုးရှင်းကို ရယူနိုင်ပြီး MPT Club မိတ်ဖက်ဆိုင်များ၏ ခံစားခွင့်များကို အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်။

မိတ်ဖက်ဆိုင်များခံစားခွင့်များပရိုမိုးရှင်းကာလ
ဂမုန်းပွင့် စျေးဝယ်စင်တာသတ်မှတ်ထားသော ပစ္စည်းများအတွက် ၂၀ % အထိ လျှော့စျေးရယူနိုင်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှ ဒီဇင်ဘာလ (၃)ရက်အထိ
စိန်ဂေဟာ စျေးဝယ်စင်တာသတ်မှတ်ထားသော ပစ္စည်းများအတွက် ၁၅ % အထိ လျှော့စျေးရယူနိုင်။
Oway Fresh Online Grocery Supermartအနည်းဆုံး ၂၀,၀၀၀ ကျပ်ဖိုး ဝယ်ယူပါက ၇.၅ % (၁,၅၀၀ ကျပ် အထိ) လျှော့စျေးရယူနိုင်။
Fudo Bakery၁၀,၀၀၀ ကျပ်ဖိုး ဝယ်ယူပါက ရွှေပဲလုံး အပိုလက်ဆောင် ရယူနိုင်။
Go Green Myanmar၂၀,၀၀၀ ကျပ်ဖိုးဝယ်ယူပါက ၁၀ % လျှော့စျေးရယူနိုင် (သစ်သီး နှင့်ဟင်းသီးဟင်းရွက်များ အတွက်သာ)

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “တန်ဆောင်တိုင်ပွဲတော်ကာလဟာ မြန်မာလူမျိုးတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလဖြစ်ပြီး ပွဲတော်ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အချင်းချင်း လက်ဆောင်ပစ္စည်း ပေးကြတာတွေ၊ မိမိထက်အသက်အရွယ် ကြီးရင့်သူတွေကို ဂါရဝပြုကန်တော့ကြတာတွေအပြင် ချစ်ခင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိသားစု တွေနဲ့ အတူတူ တန်ဖိုးရှိတဲ့အချိန်တွေကို ဖန်တီးကြတဲ့ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ မိတ်ဖက်လုပ်ငန်းတွေရဲ့ ပံ့ပိုးကူညီမှုကြောင့် အခုလို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ “MPT Club ပွိုင့်များဖြင့် စျေးဝယ်လိုက်ပါ” ပရိုမိုးရှင်းအစီအစဉ်ကို MPT Club အဖွဲ့ဝင်တွေအတွက်  မိတ်ဆက်ပေးနိုင်ခဲ့ပြီး မိတ်ဖက်လုပ်ငန်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ယခုပရိုမိုးရှင်းအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ MPT သုံးစွဲသူတွေအားလုံး ပျော်ရွှင်စရာ တန်ဆောင်တိုင်ပွဲတော်ကာလမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ” ဟု ပြောကြားခဲ့ပါသည်။

MPT Club ၏ အကျိုးခံစားခွင့်များကို ရရှိနိုင်ရန်အတွက် MPT Club အဖွဲ့ဝင်မဖြစ်သေးသည့် သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် (သို့မဟုတ်) အမျိုးသားများအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးများအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ လည်းကောင်း (သို့မဟုတ်) *345# သို့ခေါ်ဆို၍ လည်းကောင်း စာရင်းသွင်း၍ အဖွဲ့ဝင်နိုင်ပါသည်။ MPT Club သို့ အဖွဲ့ဝင်ပြီးနောက် MPT သုံးစွဲသူများအားလုံးသည် ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် (၅၀) ရရှိမည် ဖြစ်သည်။

MPT Club ပွိုင့်များဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု၊ အင်တာနက်အသုံးပြုခြင်း နှင့် စာတိုပို့ဆောင်မှု စသည့် ဝန်ဆောင်မှုများအား လဲလှယ် အသုံးပြုနိုင်သည့်အပြင် MPT Club မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကိုလည်း MPT4U APP မှတစ်ဆင့် (သို့မဟုတ်) *345# ကိုခေါ်ဆို၍ လဲလှယ်အသုံးပြုနိုင်ပါသည်။ MPT Club မိတ်ဖက်ဆိုင်များ၏ အသေးစိတ်အချက်အလက်များကို https://mpt.com.mm/en/mpt-club/  တွင် ကြည့်ရှုနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသောဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် တန်ဖိုးရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။