(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်) – MPT သည် အဓိက ပြည်နယ် နှင့် တိုင်းဒေသကြီး (၇) ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ၎င်း၏ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) အဆင့်မြှင့်တင်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
MPT သည် ၂၀၁၆ ခုနှစ်တွင် FTTH ဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ၎င်း၏ လက်ရှိအသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ်အစား မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ်ဖြင့် အစားထိုး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ MPT သည် အဆိုပါအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်မှစတင်၍ အော်တိုတယ်လီဖုန်းနံပါတ်အသစ်များအသုံးပြုကာ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အပြည့်အဝ ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အဆင့်မြှင့်တင်မှု ဆောင်ရွက်ပြီးသော ဒေသများရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သော ဝန်ဆောင်မှုများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် FTTH ကွန်ရက်နှင့် ဝေးကွာသော အချို့နေရာများရှိ သုံးစွဲသူနေအိမ်များအနေဖြင့် MPT ၏ VoIP ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်မဟုတ်ပါ။
အဆင့်မြှင့်တင်ဆောင်ရွက်ပြီးသော အိတ်ချိန်းများ နှင့် ဖုန်းနံပါတ်များ၏ အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိ အသုံးပြုနေသည့် အော်တိုတယ်လီဖုန်းနံပါတ် | အသစ်ပြောင်းလဲသွားမည့် အော်တိုတယ်လီဖုန်းနံပါတ် |
---|---|---|---|
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) | ဘုရားကြီး အိတ်ချိန်း | ၀၅၂-၆၅xxx | ၀၅၂-၂၇၆၅xxx |
ကေတုမတီ အိတ်ချိန်း | ၀၅၄-၂၇xxx | ၀၅၄-၂၈၂၇xxx | |
တောင်ငူ အိတ်ချိန်း | ၀၅၄-၂၃xxx | ၀၅၄-၂၈၂၃xxx | |
၀၅၄-၂၄xxx | ၀၅၄-၂၈၂၄xxx | ||
၀၅၄-၂၅xxx | ၀၅၄-၂၈၂၅xxx | ||
၀၅၄-၂၆xxx | ၀၅၄-၂၈၂၆xxx | ||
မကွေးတိုင်းဒေသကြီး | အောင်လံ အိတ်ချိန်း | ၀၆၉-၂၀၀xxx | ၀၆၉-၂၂၀၀xxx |
၀၆၉-၂၀၁xxx | ၀၆၉-၂၂၀၁xxx | ||
မင်းဘူး အိတ်ချိန်း | ၀၆၅-၂၁xxx | ၀၆၅-၂၀၂၁xxx | |
ပခုက္ကူ အိတ်ချိန်း | ၀၆၂-၂၁xxx | ၀၆၂-၂၀၂၁xxx | |
၀၆၂-၂၂xxx | ၀၆၂-၂၀၂၂xxx | ||
၀၆၂-၂၃xxx | ၀၆၂-၂၀၂၃xxx | ||
၀၆၂-၂၄xxx | ၀၆၂-၂၀၂၄xxx | ||
မန္တလေးတိုင်းဒေသကြီး | ကျောက်ပန်းတောင်း အိတ်ချိန်း | ၀၆၁-၅၀xxx | ၀၆၁-၂၂၅၀xxx |
၀၆၁-၅၁xxx | ၀၆၁-၂၂၅၁xxx | ||
၀၆၁-၅၂xxx | ၀၆၁-၂၂၅၂xxx | ||
မိတ္ထီလာ အိတ်ချိန်း | ၀၆၄-၂၃xxx | ၀၆၄-၂၂၂၃xxx | |
၀၆၄-၂၄xxx | ၀၆၄-၂၂၂၄xxx | ||
၀၆၄-၂၅xxx | ၀၆၄-၂၂၂၅xxx | ||
၀၆၄-၂၆xxx | ၀၆၄-၂၂၂၆xxx | ||
မွန်ပြည်နယ် | ရေး အိတ်ချိန်း | ၀၅၇-၅၀xxx | ၀၅၇-၂၀၅၀xxx |
ရှမ်းပြည်နယ် (တောင်ပိုင်း) | ကလော အိတ်ချိန်း | ၀၈၁-၅၀xxx | ၀၈၁-၂၃၅၀xxx |
တောင်ကြီး အိတ်ချိန်း | ၀၈၁-၂၀၀xxx | ၀၈၁-၂၂၀၀xxx | |
၀၈၁-၂၀၁xxx | ၀၈၁-၂၂၀၁xxx | ||
၀၈၁-၂၀၂xxx | ၀၈၁-၂၂၀၂xxx | ||
၀၈၁-၂၀၅xxx | ၀၈၁-၂၂၀၅xxx | ||
၀၈၁-၂၀၆xxx | ၀၈၁-၂၂၀၆xxx | ||
၀၈၁-၂၁၂၁xxx | ၀၈၁-၂၁၂၁xxx | ||
၀၈၁-၂၁၂၂xxx | ၀၈၁-၂၁၂၂xxx | ||
၀၈၁-၂၁၂၃xxx | ၀၈၁-၂၁၂၃xxx | ||
၀၈၁-၂၁၂၄xxx | ၀၈၁-၂၁၂၄xxx | ||
၀၈၁-၂၁၂၅xxx | ၀၈၁-၂၁၂၅xxx | ||
၀၈၁-၂၁၃၀xxx | ၀၈၁-၂၁၃၀xxx | ||
၀၈၁-၂၁၃၁xxx | ၀၈၁-၂၁၃၁xxx | ||
၀၈၁-၂၁၃၂xxx | ၀၈၁-၂၁၃၂xxx | ||
တနင်္သာရီတိုင်းဒေသကြီး | ကော့သောင်း အိတ်ချိန်း | ၀၅၉-၅၁xxx | ၀၅၉-၂၀၅၁xxx |
၀၅၉-၅၂xxx | ၀၅၉-၂၀၅၂xxx | ||
ရန်ကုန်တိုင်းဒေသကြီး | မှော်ဘီ အိတ်ချိန်း | ၀၁-၆၂၀xxx | ၀၁-၈၆၂၀xxx |
၀၁-၆၂၁xxx | ၀၁-၈၆၂၁xxx | ||
ခရမ်း အိတ်ချိန်း | ၀၅၆-၃၀xxx | ၀၅၆-၂၀၃၀xxx | |
သုံးခွ အိတ်ချိန်း | ၀၅၆-၄၀xxx | ၀၅၆-၂၀၄၀xxx | |
တိုက်ကြီး အိတ်ချိန်း | ၀၅၅-၂၀xxx | ၀၅၅-၂၂၂၀xxx | |
၀၅၅-၂၁xxx | ၀၅၅-၂၂၂၁xxx | ||
ဥက္ကံ အိတ်ချိန်း | ၀၅၅-၂၉xxx | ၀၅၅-၂၂၂၉xxx | |
မရမ်းကုန်း အိတ်ချိန်း | ၀၁-၆၅၀xxx | ၀၁-၈၆၅၀xxx | |
၀၁-၆၅၁xxx | ၀၁-၈၆၅၁xxx | ||
၀၁-၆၅၂xxx | ၀၁-၈၆၅၂xxx | ||
၀၁-၆၅၃xxx | ၀၁-၈၆၅၃xxx | ||
၀၁-၆၅၄xxx | ၀၁-၈၆၅၄xxx | ||
၀၁-၆၅၅xxx | ၀၁-၈၆၅၅xxx | ||
၀၁-၆၅၆xxx | ၀၁-၈၆၅၆xxx | ||
၀၁-၆၅၇xxx | ၀၁-၈၆၅၇xxx | ||
၀၁-၆၅၈xxx | ၀၁-၈၆၅၈xxx | ||
မင်္ဂလာဒုံ အိတ်ချိန်း | ၀၁-၆၃၅xxx | ၀၁-၈၆၃၅xxx | |
၀၁-၆၃၆xxx | ၀၁-၈၆၃၆xxx | ||
၀၁-၆၃၇xxx | ၀၁-၈၆၃၇xxx | ||
၀၁-၆၃၈xxx | ၀၁-၈၆၃၈xxx | ||
၀၁-၆၃၉xxx | ၀၁-၈၆၃၉xxx | ||
သန်လျင် အိတ်ချိန်း | ၀၅၆-၂၁xxx | ၀၅၆-၂၀၂၁xxx | |
၀၅၆-၂၂xxx | ၀၅၆-၂၀၂၂xxx | ||
၀၅၆-၂၃xxx | ၀၅၆-၂၀၂၃xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။
သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။