ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု၊ စမုံရထားလမ်းတံတားသစ် တည်ဆောက်မည့် အခြေအနေ၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ မြစ်ငယ်ကွန်ကရစ်ဇလီဖား စက်ရုံနှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ  ၁၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ ရက်နေ့အထိ  မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ သဲတော - မန္တလေး ရထားလမ်းပိုင်းနှင့် အဆိုပါရထားလမ်းပိုင်းတွင် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် စမုံရထားလမ်း တံတားသစ် တည်ဆောက်မည့်နေရာ၊ မန္တလေးဘူတာကြီး၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ မြစ်ငယ်ကွန်ကရစ်ဇလီဖား စက်ရုံနှင့် လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံ(မြစ်ငယ်) တို့၏ အခြေအနေအား စစ်ဆေးသည်။

ဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး တံတားအဝင်/အထွက် နေရာများတွင် ခုန်စောင့်လူး မဖြစ်စေရေး Run Off Frame များစနစ်တကျ တပ်ဆင်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်၊ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက်ညှိခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် ၊ ရေတိုက်စားခံရသည့် နေရာများတွင် တာဘောင်များအား သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့်  ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ဖြည့်သွင်းပြီး Hand Tamp Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်း လုပ်ငန်းအား သေချာစွာဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သဲတော - မန္တလေး ရထားလမ်းပိုင်းအား စစ်ဆေးခဲ့ပြီး အဆိုပါ ရထားလမ်းပိုင်း စမုံ - သပြေတောင်းအကြားရှိ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် စမုံရထားလမ်း တံတား တံတားအမှတ် ၆၉၁ ၏နေရာတွင် စမုံရထားလမ်းတံတားသစ်(ဒွေးလမ်း)အား စနစ်တကျ ဒီဇိုင်းရေးဆွဲ အတည်ပြု၍ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းရုံ (မန္တလေး) ၊ မြစ်ငယ်ကွန်ကရစ်ဇလီဖားစက်ရုံနှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)တို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး လူစီးတွဲနှင့်ကုန်တွဲများ အချိန်မီ ပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

၎င်းအပြင် ဒုတိယဝန်ကြီးသည် မန္တလေးဘူတာကြီး၌ မြန်မာ့မီးရထား တိုင်းအဆင့် အရာထမ်းများနှင့်တွေ့ဆုံး၍  မိမိတိုင်းနယ်မြေအတွင်း ရထားမတော်တဆမှုများ ဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဝန်ထမ်းများအား မွမ်းမံသင်တန်းပေးခြင်း ၊ Maintenance Manual များအတိုင်း ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်ခြင်း၊  Simi Mechanize စနစ်ဖြင့် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ခရီးသွားပြည်သူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်ရထားများဝင်ချိန်/ထွက်ချိန် မှန်ကန်စေရေး၊ ဘူတာများသန့်ရှင်း သပ်ရပ်မှုရှိစေရန်နှင့် ရထားစီးခရီးသွား ပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန