ဒုတိယအကြိမ် ADGSOM-ATRC Leaders’ Retreat အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

             ဒုတိယအကြိမ် ADGSOM-ATRC Leaders’ Retreat (2nd ASEAN Digital Senior Officials’ Meeting and ASEAN Telecommunications Regulators’ Council Leaders’ Retreat) အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများ မှ ဒစ်ဂျစ်တယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ Regulator အဖွဲ့အစည်း အကြီးအကဲများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်  အာဆီယံအိုင်စီတီစင်တာတို့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများတက် ရောက်ဆွေးနွေးခဲ့ကြပါသည်။

             အဆိုပါအစည်းအဝေးတွင် ADM 2025 အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် အာဆီယံ အိုင်စီတီ ရန်ပုံငွေ ထည့်ဝင်မှုနှင့် ခွဲဝေသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ ADGSOM နှင့် ATRC တို့၏ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အဆိုပြုထားသည့် ADGSOM-ATRC 2022 Work Plan အတွက် အဖွဲ့ဝင်နိုင်ငံများမှ လျာထားတင်ပြလာသည့် စီမံကိန်းများအား ဦးစားပေးလိုအပ်ချက်များနှင့်  ရန်ပုံငွေ အခြေအနေအပေါ်မူတည်၍ အတည်ပြုဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အာဆီယံနှင့် အပြည် ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ) တို့အကြား သက်တမ်းတိုးမည့် MoU မူကြမ်း၊ အာဆီယံ-တရုတ် ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းမှုအကောင်အထည်ဖော် ဆောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်မူကြမ်း (၂၀၂၁-၂၀၂၅) အာဆီယံ-အိန္ဒိယ ၂၀၂၁ ခုနှစ်၊ ASEAN-India ICT Work Plan အရ အဆိုပြုထားသည့် အိန္ဒိယနိုင်ငံ၏ စီမံချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

             ၎င်းအပြင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် 2nd ADGMIN 2nd ADGSOM နှင့် ဆက်စပ်အစည်းအဝေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ ပြီး 2nd ADGMIN တွင် အတည်ပြုထုတ်ပြန်မည့် Joint Media Statement မူကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။