ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်နှင့် မြန်မာ့သင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေးခြင်း

၆-၁၂-၂၀၂၂ ရက်၊ ရန်ကုန်မြို့

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့  ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီး နှင့် ဌာနမှူးများ၊ သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဦးစွာ အစည်းအဝေးခန်းမကျောင်းအုပ်ကြီးက နိုင်ငံတကာ စံနှုန်းများနှင့်အညီ လေ့ကျင့် သင်ကြားပို့ချနေမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတ်မှတ်တင်ဒါ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းသွားသော်လည်း ထပ်မံမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ် ထားသော SOP များနှင့်အညီ ရုံးဌာန၊ စာသင်ခန်းများတွင် အလေးထားလိုက်နာကျင့်သုံးစေရေး အဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား အစားအသောက်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းမများ၊ ဘာသာရပ်အလိုက် Lab ခန်းများ၊ Simulator ခန်းများ၊ စာကြည့်တိုက်၊ Reference Room၊ သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာ၊ Gym ကစားသည့်နေရာ၌ အားကစားပစ္စည်းများထားရှိမှု အခြေအနေတို့ကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသပ်ရပ်မှုရှိပြီး စနစ်တကျရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ပြီး စားရိပ်သာ၌ ရေကြောင်းအရာရှိလောင်းသင်တန်းသားများနှင့်အတူ လက်ရည်တစ်ပြင်တည်း ခင်မင်ရင်းနှီးစွာ နေ့လယ်စာသုံးဆောင်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက  ကြိုဆိုခဲ့ကြပြီး မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအစည်းအဝေးခန်းမ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့သင်္ဘော ကျင်းလုပ်ငန်း၏ ရေယာဉ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးပေါင်းစပ် ညှိနှိုင်းပေးပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၏ ရေတံခါးပြုပြင်ပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများ၏ အခြေအနေ၊ ရေယာဉ် ပြင်ဆင်ရေးအလုပ်ရုံနှင့် ရေယာဉ်များရေပေါ်ပြင်ဆင်ရေး ပြုလုပ်နိုင်သည့် ရေကန်၏ လက်ရှိ ရေတံခါးများ အခြေအနေု့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန