ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ဧပြီလ (၇)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ခုနှစ် မဟာသင်္ကြန်အကြို ဝန်ထမ်း မိသားစု စတုဒိသာ ကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၊ ရုံးအမှတ်(၂)နှင့် ရုံးအမှတ်(၂၉) တို့တွင် ကျင်းပ ပြုလုပ်ပါသည်။

အခမ်းအနားများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဝန်ကြီးဌာနအတွင်းရှိ ဌာနများမှ ဝန်ထမ်းအမျိုးသမီးငယ်များ၏ သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ကပြ ဖျော်ဖြေမှုကို ကြည့်ရှု အားပေးကာ အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့် စတုဒိသာများကို အတူတကွ သုံးဆောင်ခဲ့ ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်း များဖြင့် ဖျော်ဖြေကြသူများအားလုံးကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး၊  မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်အလာများနှင့်အညီ သင်္ကြန်ရေ ပက်ဖျန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန