ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပို့ဆောင်ရေး) ဦးအောင်ကျော်ထွန်း မှ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်စစ်ဆေးခြင်း

၅-၃-၂၀၂၂၊ ရန်ကုန်မြို့

 

               ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပို့ဆောင်ရေး) ဦးအောင်ကျော်ထွန်း သည် တာဝန်ရှိသူများ လိုက်ပါလျှက်  မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်)သို့  ၅-၃-၂၀၂၂ ရက်နေ့ (၀၉း၃၀) အချိန်တွင် ရောက်ရှိခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ပါမောက္ခ/ဌာနမှူး များက ကြိုဆိုခဲ့ကြပါသည်။

 

               ထို့နောက် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျောင်းသား / ကျောင်းသူ အဆောင်များ တည်ဆောက်ရန် ကိစ္စရပ်များ ၊ ဘဏ္ဍာနှစ် အလိုက် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အခြေအနေများနှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြို သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

 

               ဆက်လက်၍ ဒုတိယဝန်ကြီး ( ပို့ဆောင်ရေး  ) မှ  တင်ပြချက်များအပေါ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စတင်တည်ဆောက်စဉ်ကတည်းက ခိုင်ခံ့မှုရှိစေရေး၊ တည်ဆောက် ပြီးပါကလည်း ထိန်းသိမ်းမှုအပိုင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရေး စသည့်ကိစ္စရပ်များကို ရှင်းလင်း မှာကြားခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ Simulator ခန်း အဝင်ပေါက်အတွက် ပတ်လမ်း ပြုလုပ်သွားရေး၊ ဘောလုံးကွင်းကို အကြီးစား ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူ အဆောင် တည်ဆောက်မည့် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုူ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။