ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အတာသင်္ကြန်ရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာလာရောက်ရေကစားကြသူများဖြင့် စည်ကား

နေပြည်တော် ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၀)ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၄)ရက်၊ ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊  နေပြည်တော်ဘူတာကြီးဝန်းအတွင်းရှိ မြန်မာ့ရိုးရာ အတာသင်္ကြန် ရေကစားမဏ္ဍပ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် နေပြည်တော်နယ်မြေ အတွင်းရှိ ပြည်သူများလာရောက်၍ ယဉ်ကျေးပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများမှ ယိမ်းအဖွဲ့များနှင့် အနုပညာရှင်များက ဖျော်ဖြေခဲ့ကြကြောင်းနှင့် ရေကစားမဏ္ဍပ်ကို နေ့စဉ် နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိနှင့် ညနေပိုင်း  ၃ နာရီမှ ၆ နာရီခွဲ အထိ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန