ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၆

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် နေပြည်တော်၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူ့လူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ပါဝင်သည့် မူဝါဒ ရှေ့လုပ်ငန်းစဉ်များအား သိရှိ နားလည်စေရန် ထပ်ဆင့် ပြောကြားခြင်းနှင့် ဝန်ကြီးဌာန၊  စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) သို့ တက်ရောက်၍ လုပ်ငန်းဆိုင်ရာ လမ်းညွှန် ဆွေးနွေး မှာကြားပါသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဝန်ကြီးဌာန အတွင်းရှိ ဌာနအဖွဲ့ အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

 

motcnews(27-2-2021) (3)