ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား နှင့် ဝန်ကြီးဌာန ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ (၁၀) ရက်

 

၁။       ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားငယ်/သမီးငယ် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်သည့် အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၌ ယနေ့ နံနက်(၈:၀၀)နာရီတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

၂။       အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝန်ကြီး ဌာနရှိ ဌာနအဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများ၏ သားငယ်သမီးငယ်များအနေဖြင့် ()ဘာသာ ဂုဏ်ထူးရှင် ()ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၅၈)ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၂၄၂)ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း ဟူသော မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ဖြစ်ကြောင်း ဦးစွာပြောကြားပါသည်။

၃။       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အများအကျိုး၊ နိုင်ငံ့အကျိုးကို ထမ်းဆောင်လိုစိတ် ရှိရန်၊ ဘဝအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်ကောင်းများ ထားရှိကြရန်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး လမ်းကြောင်းမှန်မှန်ဖြင့် တစိုက်မတ်မတ် ကြိုးစား ဆောင်ရွက်ကြရန်၊ ယခုရရှိထားသည့် အောင်မြင်မှုများကို အခြေခံပြီး ပို၍ အဆင့်မြင့်မားသည့် ပညာရပ်များကို ဆက်လက် သင်ယူ ဆည်းပူးသွားကြရန်၊ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင် စဉ်ဆက်မပြတ် လေ့လာ သင်ယူသွားကြရန်နှင့် အရည်အချင်း ပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် အနာဂတ် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်သော နိုင်ငံတော်က အားကိုးအားထား ပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။

၄။       ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကာ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယခုနှစ် ဇွန်လ အစောပိုင်းကလည်း ဝန်ကြီးဌာနအတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား/ ကျောင်းသူ (၁၄,၄၃၀)ဦး အတွက် ကျောင်းစိမ်းဝတ်စုံ၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

၅။       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁၇)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို  ရုံးအမှတ်(၅)၌ နံနက်(၁၀:၀၀)နာရီတွင် ဆက်လက် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိ စာသင်တိုက်၊ ဦးစီးပဓာန နာယက၊ သာသန ဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိမလ ဗုဒ္ဓိဆရာတော် အပါအဝင် ပင့်ဖိတ်ထားသော ဆရာတော်(၁၅)ပါး ကြွရောက် ချီးမြှင့်တော်မူကြပါသည်။ အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြပါသည်။

၆။       ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီး အကဲများ၊ ၎င်းတို့၏ ဇနီးများက ဆရာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။