ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအောင်ကျော်ထွန်းသည် ရခိုင်ပြည်နယ် အမ်းမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုအိတ်ချိန်းရုံး၊ မြန်မာ့စာတိုက်လုပ်ငန်း၏ အမ်းမြို့နယ် စာတိုက်ရုံး၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ အမ်းမြို့နယ်ရုံး သို့ သွားရောက် ကြည့်ရှု စစ်ဆေးခြင်း

(၁၅-၆-၂၀၂၂ ရက်နေ့)

      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအောင်ကျော်ထွန်းသည် ယနေ့ ၁၅-၆-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အော်တို အိတ်ချိန်းရုံး၊ မြန်မာ့စာတိုက်လုပ်ငန်း၏  အမ်းမြို့နယ် စာတိုက်ရုံး၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ အမ်းမြို့နယ်ရုံး သို့ ရောက်ရှိကာ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြပါသည်။

      တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်တွင် ပါရှိသည့်အတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းကြရမည်ဖြစ်ကြောင်း၊ ကိုယ်စီ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာရေးကို အထူးဂရုပြု ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသည့် စွမ်းအားစုတစ်ရပ် ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် စည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် သွားကြရန် ဖြစ်ကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍ အဆင်မပြေမှုများ ရှိပါက အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့် သတင်းပို့ တင်ပြရန် ပြောကြားခဲ့ပြီး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။