ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် လုမ္ဗနီအပြည်ပြည်ဆိုင်ရာလေဆိပ် အကြား တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ခရီးသွားလုပ်ငန်း တိုးတက်မှုကို အခြေခံ၍ လုမ္ဗနီ-ဂါယာ-ရန်ကုန်/ မန္တလေး/ နေပြည်တော် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ လေကြောင်း သဘောတူစာချုပ် အသစ်တစ်ရပ် ချုပ်ဆိုရေး၊ ဒေသထွက်ကုန်များ အပြန်အလှန် တင်ပို့နိုင်ရေးနှင့် နီပေါနိုင်ငံ အတွင်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး စသော လုပ်ငန်းဆိုင်ရာ များကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဌာနအကြီးအမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန