ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးများ၏ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြိုဖျော်ဖြေပွဲများနှင့် သင်္ကြန်အကြိုနေ့ ဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သွားရောက်ကြည့်ရှုအားပေးခြင်း

၂၀၂၂ခုနှစ်၊ဧပြီလ (၁၄) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် ဇနီးတို့သည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများနှင့် ၎င်းတို့၏ဇနီးများလိုက်ပါ၍ နေပြည်တော်ရှိ ဝန်ကြီးဌာန၏ ရုံးဌာနနေရာနှင့် မြန်မာ့မီးရထားရုံးချုပ်တို့၌ ကျင်းပပြုလုပ်သည့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင် အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားများနှင့် ဝန်ကြီးဌာန၏ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၅)၊ ခန်းမဆောင်၌ ကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင် အကြိုပျော်ပွဲရွှင်ပွဲအခမ်းအနားသို့ ရောက်ရှိလာရာ ဝန်ကြီးရုံး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့မှ ဝန်ထမ်းများက ကြိုဆိုကြပါသည်။ အခမ်းအနားတွင် ဝန်ထမ်းများက သင်္ကြန်ယိမ်းအကများ၊ သီချင်းများဖြင့် ကပြ ဖျော်ဖြေကာ စတုဒီသာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ကပြဖျော်ဖြေသော ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီးနောက် သင်္ကြန်ရေပက်ဖျန်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၂)သို့ ရောက်ရှိလာရာ ဝန်ကြီးရုံး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်း အချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့ စာတိုက်လုပ်ငန်းတို့မှ ဝန်ထမ်းများက ကြိုဆိုကြပါသည်။ ၎င်းနောက် ဝန်ထမ်းများက ရုံး၏ ခန်းမဆောင်ကြီးတွင် သင်္ကြန်ယိမ်းအကများ၊ သီချင်းများဖြင့် ကပြဖျော်ဖြေ၍ စတုဒီသာဖြင့် ကျွေးမွေး ဧည့်ခံကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ဝန်ထမ်းများအား ဂုဏ်ပြဆု ချီးမြှင့်ခဲ့ပြီးနောက် သင်္ကြန်ရေပက်ဖျန်းခဲ့ကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၉)သို့ ရောက်ရှိခဲ့ကြရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးတို့မှ ဝန်ထမ်းများက ကြိုဆိုခဲ့ကြပါသည်။ ရုံး၏ခန်းမဆောင်ကြီးတွင် သင်္ကြန်ယိမ်း အကများ၊ သီချင်းများဖြင့် ကပြဖျော်ဖြေ၍ စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံကြရာ ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးတို့က ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီးနောက် သင်္ကြန်ရေပက်ဖျန်းခဲ့ကြပါသည်။

၎င်းမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်ရှိ မြန်မာ့ မီးရထားရုံးချုပ်၊ နေပြည်တော်ဘူတာကြီးနယ်မြေ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၃၈၃ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်နေရာသို့ ရောက်ရှိလာရာ မြန်မာ့မီးရထား ဝန်ထမ်းများက ပျော်ရွှင်စွာကြိုဆိုခဲ့ကြပါသည်။ ဝန်ကြီးဌာန၏သင်္ကြန်ရေကစားမဏ္ဍပ်တွင်  ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ ၎င်းနောက် ဝန်ကြီးဌာန၏ ဝန်ထမ်း အမျိုးသမီးငယ်များ၏ ယိမ်းအကအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်အမှတ်တရသီချင်း များဖြင့် ကပြ၊ ဖျော်ဖြေခဲ့ကြပြီး စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံပါသည်။  ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး တို့က ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ပါသည်။ ၎င်းနောက် ဧည့်သည်တော်များနှင့် ဝန်ထမ်းမိသားစုများသည် သင်္ကြန်အကြိုနေ့ အထိမ်းအမှတ်အဖြစ် ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သတင်းရရှိပါသည်။  

 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန