ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေကူးမားကို လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေကူးမားကို ယနေ့ နေ့လယ် (၁၄:၀၀) နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံပါသည်။

          ထိုသို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး၊ ရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ရေး၊ ကုန်း လမ်းဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင်ရေး၊ လေကြောင်း ပျံသန်းရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။