ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအနေဖြင့် " နိုင်ငံတော်၏ ပို့ဆောင်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍများအတွက် စိတ်ဓာတ်၊စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် အရည် အသွေးပြည့်မီသော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်" ဟူသော မူဝါဒချမှတ်ပြီး ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းအနေဖြင့် အစိုးရသစ် စတင်ခဲ့သည့် ၂၀၁၅−၂၀၁၆ ခုနှစ်၊ သင်ကြားလေ့ကျင့်ရေး နှစ်မှ ၂၀၁၉−၂၀၂၀ ပြည့်နှစ်၊ သင်ကြားလေ့ကျင့်ရေးနှစ်အထိ အောက်ဖော်ပြပါအတိုင်း သင်တန်း များ တိုးမြှင့် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါသည် −
စဉ် |
သင်ကြားလေ့ကျင့် ရေးနှစ် |
သင်တန်း အမျိုးအစား |
သင်တန်း အကြိမ်ရေ |
သင်တန်း သားဦးရေ |
မှတ်ချက် |
၁ |
၂၀၁၅ − ၂၀၁၆ နှစ် မှ |
(၂၉) မျိုး |
(၃၃) ကြိမ် |
၇၉၄ ဦး |
|
၂ |
၂၀၁၉ −၂၀၂၀(ယခုအထိ) |
(၄၈) မျိုး |
(၆၄) ကြိမ် |
၁၄၅၀ ဦး |
|
၃ |
တိုးတက်လာမှု |
(၁၉) မျိုး |
(၃၁) ကြိမ် |
၆၅၆ ဦး |
|
ထို့အပြင် သင်တန်းဌာနခွဲအလိုက် ယခင်က မဖွင့်လှစ်ပေးနိုင်ခဲ့သည့် သင်တန်းအမျိုး အစားအသစ်များ အနေဖြင့် သင်ကြားလေ့ကျင့်ရေး (သင်တန်းစာပေ) ဌာနခွဲမှ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်း (၃) မျိုး၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားပြောဆိုင်ရာ သင်တန်း (၂) မျိုး၊ မော်တော် ယာဉ်သင်တန်းဌာနခွဲမှ Logistic & Supply Chain Management သင်တန်း(၁) မျိုးနှင့် မော်တော်ယာဉ်ဆိုင်ရာသင်တန်း (၂) မျိုး၊ ရထားသင်တန်းဌာနခွဲမှ မြန်မာ့မီးရထား လုပ်ငန်းခွင် ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း (၄) မျိုး၊ ဆက်သွယ်ရေးသင်တန်းဌာနခွဲမှ မြန်မာ့စာတိုက်လုပ်ငန်း ဆိုင်ရာ သင်တန်း (၅) မျိုး၊ စက်မှုလက်မှုသင်တန်းဌာနခွဲမှ IP Networking နှင့် A+ Computer Hardware သင်တန်း (၂) မျိုး၊ စုစုပေါင်းသင်တန်းအမျိုးအစား (၁၉) မျိုးတို့ကို တိုးချဲ့ ဖွင့်လှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။