မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တံတားအမှတ်(၆၂၇)အား သောင်းကျန်းသူ(စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုဖြစ်ပွား

နေပြည်တော်   ဧပြီ ၂၈

        မြန်မာ့မီးရထား၊ တိုင်းအမှတ်(၁)နယ်မြေ ၊ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း  ဟိုပင်ဘူတာနှင့် နန်းခွင်ဘူတာကြား မိုင်တိုင်  ၆၅၄ /၇-၈ ရှိ ပေ(၂၀) ဂါဒါ(၄)လုံး တင်ထားသည့်ပေ(၈၀)အရှည်ရှိသော တံတားအမှတ် (၆၂၇)အား ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ် အချိန်တွင် သောင်းကျန်းသူ (စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က  မိုင်းခွဲဖျက်ဆီးမှုဖြစ်ပွားခဲ့ပါသည်။

          မိုင်းခွဲခံရမှုကြောင့် အဆိုပါတံတား၏ ရေလယ်တိုင် အမှတ်(၃)၊  ပေ(၂၀)  ဂါဒါ ၂ ခု၊ တံတား ဇလီဖား ၅၀ တုံးနှင့် Guard  Rail (၃၉)ပေ ၅ ချောင်းတို့ ပျက်စီးခဲ့ပါသည်။

          အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဟိုပင် - မြစ်ကြီးနားလမ်းပိုင်းသည် လက်ရှိအချိန်တွင် လူစီး ရထား၊ ကုန်ရထားများ  ပြေးဆွဲမှု ရပ်တန့်ထားသော လမ်းပိုင်းဖြစ်သဖြင့်  တံတားကို  အမြန်ဆုံး ပြုပြင် ပြီးစီးနိုင်ရေး   ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား