မြစ်ရေကြီးခြင်းသတိပေးချက်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၁၇ခုနှစ်၊  ဇူလိုင်လ (၃) ရက်၊ (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

          ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန်အကြံပြုအပ်ပါသည်။

 

www.moezala.gov.mm