မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ဥပဒေ(မူကြမ်း)

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၃ခုနှစ် ၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၁) ဖြင့် ပြဋ္ဌာန်းခဲ့သည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၈၆ အရ ပြည်ထောင်စု အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဦး ဦးဆောင်သည့် လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ပြုစုထားရှိသည့် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင် ( Myanmar Communications Regulatory Commission- MCRC ) ဥပဒေ (မူကြမ်း) အပေါ် အများပြည်သူ မှ ပါဝင် အကြံပြုနိုင်ရေး ဖိတ်ခေါ်အပ်ပါသည်။

အဆိုပါ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှု ကော်မရှင် ( Myanmar Communications Regulatory Commission- MCRC ) ဥပဒေ (မူကြမ်း)အား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။