မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏  ( ၁၇ ) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ( ၂၅-၁-၂၀၂၄ ) ရက် ၊ ကြာသပတေးနေ့ ၊ နံနက် ( ၈း၀၀  ) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်မြို့နယ် အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသူများ   ၊ ဘွဲ့ရ ကျောင်းသား / ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ဘာသာရပ်အလိုက် ပညာရည်ထူးချွန်ဆုရ ကျောင်းသား / ကျောင်းသူ ( ၉ ) ဦးအား ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍  သင်္ဘောလုပ်ငန်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာထူးချွန်ဆု ( ကျပ် သုံးသိန်း ) အား Raffles Shipmanagement Service ( Myanmar ) Co.,Ltd မှလည်းကောင်း ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာထူးချွန်ဆု ( ကျပ် သုံးသိန်း )အား MTM Maritime Centre Co.,Ltd မှလည်းကောင်း ၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေး ဘွဲ့လွန်ဒီပလိုမာ ထူးချွန်ဆု ( ကျပ် သုံးသိန်း  ) အား MAWLAMYINE CENTURY LOGISTICS  Co.,Ltd မှလည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ခဲ့ပါသည်။

ဘွဲ့ကြိုဘာသာရပ်များဖြစ်သည့်  ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာ ပညာရည်ချွန်ဆု ( ကျပ် ငါးသိန်း ) အား ICTS  Myanmar Co.,Ltd မှလည်းကောင်း ၊  ရေကြောင်းအင်ဂျင်နီယာပညာ ရည်ချွန်ဆု ( ကျပ် ဆယ်သိန်း ) အား Multigate Co.,Ltd မှလည်းကောင်း ၊ ဆိပ်ကမ်းအင်ဂျင်နီယာ ပညာရည်ချွန်ဆု  ( ကျပ် သိန်းသုံးဆယ် ) အား Hutchison Port Holding ( Hong Kong ) မှ လည်းကောင်း ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်း အင်ဂျင်နီယာပညာရည်ချွန်ဆု ( ကျပ် ငါးသိန်း ) အား Sittaung Co., Ltd မှ လည်းကောင်း ၊ ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာ ပညာ ရည်ချွန်ဆု ( ကျပ် ဆယ်သိန်း ) အား Bernhard Schulte Shipmanagement Co., Ltd မှ လည်းကောင်း ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာ ပညာရည်ချွန်ဆု ( ကျပ် ငါးသိန်း )အား Brilliance Maritime Training Center မှ လည်းကောင်း ၊ ရေကြောင်းသိပ္ပံ (ဂုဏ်ထူးဘွဲ့) ပညာရည်ချွန်ဆု( ကျပ် ဆယ်သိန်း ) အား Multigate Co., Ltd မှ လည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ပါ သည်။

ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့ရ ( ၂၇) ဦး ၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ ( ၃၅ ) ဦး ၊ ဆိပ်ကမ်း အင်ဂျင်နီယာဘွဲ့ရ ( ၂၉ ) ဦး ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ ( ၄ ) ဦး ၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရ ( ၁၆  ) ဦး ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာ ဘွဲ့ရ ( ၁၂ ) ဦး ၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ ( ၈ ) ဦး ၊ ရေကြောင်းသိပ္ပံဘွဲ့ရ ( ၂ )  ဦး ၊ သင်္ဘောလုပ်ငန်း စီမံခန့်ခွဲမှု ၊  ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေးဘွဲ့လွန်ဒီပလိုမာ ဘွဲ့ရရှိသူ ( ၇၆ ) ဦး   စုစုပေါင်း ဘွဲ့ရရှိသူ ( ၂၀၉ ) ဦး တို့အား သက်ဆိုင်ရာ ဘွဲ့လက်မှတ် နှင့် ဒီပလိုမာဘွဲ့ လက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကို ( ၁၇ ) ကြိမ် ကျင်းပခဲ့ရာ ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ ( ၃၃၂၅ )ဦးနှင့်  နှင့် သိပ္ပံဂုဏ်ထူးနှင့် သိပ္ပံဘွဲ့ရ ( ၁၁၇၉ ) ဦး ၊  ဒီပလိုမာဘွဲ့ရရှိသူ (၁၁၉၀) ဦး ၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ရရှိသူ ( ၁၁ )ဦးနှင့်  မဟာဘွဲ့ရရှိသူ (၂၂) ဦး စုစုပေါင်းဘွဲ့ရရှိသူ  (၅၇၂၇ ) ဦးအား  မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။