မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်ခွင့် အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ပြင်ဆင်သတ်မှတ်ခေါ်ယူခြင်း

           မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်ခွင့်အား တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် (၄၇၀) နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ကြောင်း ခေါ်ယူခဲ့ပါသည်။

        ယခုအခါ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ရမှတ် (၄၄၀)နှင့် အထက် ရရှိသူများ ထပ်မံလျှောက်ထားနိုင်ပါကြောင်း နှင့် လျှောက်ထားလိုသူများအနေဖြင့် (၁၃-၉-၂၀၁၉) ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။

         (အသေးစိတ်အချက်အလက်များသိရှိလိုပါက Website: www.mmu.edu.mm နှင့် ဖုန်း- ၀၉ ၄၅၈၁၃၈၀၇၇၊ ၀၉ ၇၉၈၁၈၄၃၃၂ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။)