ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂လရာသီပွဲတော်များအနက် နယုန်လအထိမ်းအမှတ်အဖြစ် စာပြန်ပွဲနှင့် စံပယ်ပန်း ပုံပါဝင်သည့် (၂၀၀) ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းအား ဇွန်လ (၃)ရက်နေ့ နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇွန်လ (၃)ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ်များ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် လအလိုက် ရာသီပန်းများနှင့် ပွဲတော်များပါဝင်သော အထူးထုတ်တံဆိပ်ခေါင်းများအား ဆက်လက်ထုတ်ဝေသွား မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။