မြန်မာ့စာတိုက်လုပ်ငန်းမှ ပြည်ပနိုင်ငံ ခုနှစ်နိုင်ငံသို့ ချောပစ္စည်းများပြန်လည်လက်ခံပေးပို့နေခြင်း

မြန်မာ့စာတိုက်လုပ်ငန်းမှ နိုင်ငံပေါင်းခုနှစ်နိုင်ငံ( Australia, United Kingdom, Japan, Korea, Malaysia, Singapore, Thailand ) များသို့ ဈေးနှုန်းချိုသာစွာဖြင့် ပြန်လည် ပေးပို့လက်ခံနေပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ အမြန်ချောနှင့် ရိုးရိုးချော ဝန်ဆောင်မှုနှစ်မျိုးစလုံးရရှိနိုင်ပါသည်။

ဈေးနှုန်းအသေးစိတ်ကို www.myanmarpost.com.mm တွင် ကြည့်ရှုနိုင်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာ့စာတိုက်လုပ်ငန်း၏ Customer Care ဖုန်းနံပါတ် ၀၆၇-၃၄၂၀၈၈၈ သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။