မြန်မာ့စာတိုက်လုပ်ငန်း၏ သင်တန်းဆင်းပွဲအခမ်းအနား

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုံးစွဲသူပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးရာတွင် ထိရောက်စေရန်နှင့် အရည်အသွေးပြည့်ဝသော ဝန်ထမ်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၇/၂၀၁၇) သင်တန်းဆင်းပွဲအား မိထ္တီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း သင်တန်းခန်းမ၌ (၅.၁.၂၀၁၈) ရက်နေ့ နံနက်(၀၈:၃၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း၊ ညွှန်ကြားရေးမှူး (သင်ကြားလေ့ကျင့်ရေး) က သင်တန်းဆင်းအမှာစကား ပြောကြား၍ မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး  တက်ရောက်ခဲ့ပြီး ပထမဆုအား ပုသိမ်စာတိုက်မှ ဆက်သွယ်ရေး(၃) ဒေါ်ဖြိုးဝေအုန်း က လည်းကောင်း၊ ဒုတိယဆုအား ထန်တလန်စာတိုက်မှ ဆက်သွယ်ရေး(၃) ဒေါ်ပါရ်ဒါလ် က လည်းကောင်း၊ တတိယဆုအား တောင်ကြီး(ငွေစာရင်းဌာန) မှ ဆက်သွယ်ရေး(၃) ဒေါ်ချိုချိုခိုင် က လည်းကောင်း အသီးသီးရရှိခဲ့ပြီး (၀၉:၃၀)နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိပါသည်။