ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ စာတိုက်လုပ်ငန်းအားလုံး လွှမ်းခြုံ၍ (၂)နှစ်ခြား ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ်၌ မြန်မာ့စာတိုက်လုပ်ငန်းသည် အဆင့် (၁၂၆) ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် (၉၁) သို့ တိုးတက်လာခဲ့ပါသည်။
ဝန်ဆောင်မှုအရည်အသွေးအဆင့်တွင် ၂၀၁၉ ခုနှစ်တွင် အဆင့်(A) Gold Level အဆင့်ရရှိခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်းတွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU)၊ EMS Cooperative အဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုကို လစဉ် စောင့်ကြည့် အကဲဖြတ်ပြီး၊ နှစ်စဉ်လုပ်ငန်းစွမ်းဆောင်မှုအဆင့်အား ထုတ်ပြန်လျက်ရှိရာ အဖွဲ့ဝင်ပေါင်း (၁၉၈) အနက် ၂၀၁၉ ခုနှစ်တွင် အဆင့် (၁၆) ဖြင့် Bronze Level ရရှိခဲ့ပါသည်။