မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေးအစည်းအဝေး ဒုတိယဝန်ကြီးတက်ရောက်

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်း လုပ်ငန်းများ အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သော မူဝါဒ နှင့် လုပ်ငန်းစဉ်များ အား သတ်မှတ်နိုင်ရေး အတွက် ရည်ရွယ် ကျင်းပသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေး ကို နံနက် (၁၀:ဝဝ) နာရီ အချိန် တွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမ တွင် ကျင်းပရာ ဦးဆောင် ကော်မတီ ဥက္ကဌ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်မျိုး တက်ရောက် ၍ အဖွင့် အမှာစကား ‌ပြောကြား ခဲ့ပါသည်။
အစည်းအဝေး သို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် များ ဖြစ်ကြသည့်  ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် နှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ မှ ဌာန အကြီးအကဲများ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ဦးဆောင် ကော်မတီ ဥက္ကဌ နှင့် အစည်းအဝေး သို့ တက်ရောက် လာသူများမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲနိုင်ရေး နှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်း ဆွေးနွေး ခဲ့ကြပါသည်။