မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အသိပေးကြေညာချက် Myanma Port Authority Announcement

ရက်စွဲ၊ ၂၀၂၁ ခုနှစ် မတ် လ ၂၃ ရက်။

၁။      နိုင်ငံတကာကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နေစေရေး အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများ ဝင်/ထွက်ဆိုက်ကပ်ရန်နှင့် ကုန်တင်ချ လုပ်ငန်းစဉ်များအား နှောင့်နှေးကြန့်ကြာခြင်းမရှိစေရန်နှင့် လုံခြုံမှုရှိစေရန် အထူးဂရုပြု ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထို့အပြင် ရေကြောင်းပြရရှိရေး၊ ဆိပ်ကမ်းတံတားနေရာရရှိရေးတို့အတွက် လည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။       ဆိပ်ကမ်းတံတားများတွင်လည်း ကုန်တင်/ကုန်ချလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ဆောင်နိုင် ရန် ကြီးကြပ်စီမံဆောင်ရွက်ပေးနေသည့်အတွက် ကုန်တင်/ကုန်ချလုပ်ငန်းများလည်း အဆင်ပြေ ချောမွေ့စွာ လည်ပတ်လျက်ရှိပါသည်။ ကုန်ပစ္စည်းပိုင်ရှင်များအနေဖြင့် အခက်အခဲမရှိစေရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ထုတ်ယူရာတွင်လည်းကောင်း၊ တင်ပို့မည့် ကုန်ပစ္စည်းများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရန် အတွက်လည်းကောင်း ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ကုန်သေတ္တာအခွံများ အား သတ်မှတ် Depot များသို့ ပို့ဆောင်နိုင်ရေးအတွက်လည်း ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် ဆိပ်ကမ်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိနေပါသည်။

၃။      ယခုအခါ ဘဏ်လုပ်ငန်းများအားလုံးလည်း ပုံမှန်အတိုင်းလည်ပတ်နေပြီး၊ ကုန်သေတ္တာတင် ယာဉ်မောင်းနှင်သူများအနေဖြင့်လည်း ရန်ကုန်မြို့တွင်း ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများတွင် အခက်အခဲအတားအဆီးမရှိ ဘေးကင်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်၍ ရန်ကုန်မြို့တွင်းမှ အနယ်နယ်အရပ်ရပ်သို့လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့တွင်းသို့လည်းကောင်း၊ ကုန်စည်များ ပုံမှန်အတိုင်း အခက်အခဲမရှိ စီးဆင်း လျက်ရှိနေပြီ ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်ငန်းကို ပုံမှန် အတိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ကုန်စည်ထုတ်ယူခြင်း၊ ဆိပ်ကမ်းလုပ်ငန်းရှင်းလင်းခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း လုပ်ငန်းစဉ်များအားလည်း ပုံမှန် အတိုင်း အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည့် သင်္ဘောလိုင်းများအနေဖြင့် နှောင့်နှေးကြန့်ကြာမှု၊ လုံခြုံမှုအတွက် စိုးရမ်ကြောင့်ကျ မရှိဘဲ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ဆိုက်ကပ်နိုင်ပါကြောင်း၊ နိုင်ငံတကာ သင်္ဘောလိုင်းများ၊ ပြည်တွင်း/ပြည်ပမှ ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များသို့ အသိပေးအကြောင်းကြားအပ်ပါသည်။


 23rd March 2021

  1. Myanma Port Authority (MPA) as an incumbent authority is intensely overseeing the daily port operation and management, in order to ensure safety and the continuous flow of international trade and goods, especially not to experience any delays in pilot allocation, berth allocation, vessel movement, and handling operation.
  2. Reflecting MPA’s effective administration and supportive management, daily cargo/container handling operation at all port terminals is going smoothly. Additionally, MPA, by the ways of cooperation and coordination with relevant government agencies and stakeholders, is facilitating traders for the ease of processes in importing and exporting, as well as in discharging empty containers. And thus, the daily port operation at the Yangon Port is going smoothly.
  3. Since banking services have returned to the normal situation and container trucking services is now operating safely and smoothly, goods to and from Yangon Port is flowing seamlessly as usual.
  4. Due to the said effective cooperation and coordination, Yangon Port is carrying out international port businesses and services as usual, especially in receiving and delivering of goods, and applying for port clearance, and customs clearance. And thus, MPA would like to inform international shipping lines operating in Myanmar that vessels calling to the Yangon Port can enter safely without experiencing any delays and security concerns. We also would like to inform consumers, and all local and foreign traders and investors that Yangon Port is carrying out international port businesses smoothly and regularly, reflecting such effective coordination in daily port operation and management.